Bay Kin 2

BayKin 2 အက်ပလီကေးရှင်း ဆိုတာ ကလေးသူငယ်နဲ့ ဆယ်ကျော်သက် လူငယ်များအတွက် စိတ်နှင့်ခန္ဓာဘေးကင်းလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာအသိ သတိရှိမှု၊ မိမိကိုယ်ကိုခုခံကာကွယ်ရေး ပညာပေးမှုတို့ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပြီး လုံခြုံတဲ့လူနေမှုဘဝ အသစ်တစ်ခုကို ရရှိစေနိုင်ရန် ရည်ရွယ်ဖန်တီးထားသော အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ အက်ပလီကေးရှင်း တစ်ခုတည်းတွင် သင်ယူမှုနှင့် ဂိမ်းကစားခြင်းကို ပေါင်းစပ်ထားပြီး ဖုန်း သို့မဟုတ် Tablet တစ်လုံးရှိရုံနဲ့ လူတန်းစားမရွေး အလွယ်တကူ အသုံးပြုနိုင်အောင် စီမံထားပါတယ်။